၁၉၁၂ မေမြို့ငလျင်
၁၉၁၂ မေမြို့ငလျင် သို့မဟုတ် ၁၉၁၂ မြန်မာငလျင် သည် မေလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ငလျင်ဗဟိုချက်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးနှင့် ပြင်ဦးလွင်မြို့တို့ ဖြစ်သည်။ ငလျင်ပမာဏသည် Ms ၈.၀ ရှိသည်ဟု Beno Gutenberg နှင့် Charles Francis Richter တို့က ဖော်ပြခဲ့သည်။ ထို့အပြင် ဤငလျင်သည် ၁၉၀၀ ပြည့်နှစ် အစောပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အထင်ကရငလျင်များထဲမှ တစ်ခုလည်း ဖြစ်သည်။ မကြာသေးမီအချိန်များကလည်း ငလျင်များ တစ်ဖန်ပြန်လည်ကာ လှုပ်ခတ်လာခဲ့သည်။ သို့သော်လည်း ပမာဏသည် ၇.၆ နှင့် ၇.၇ ကြားသာ ရှိသည်။ ဤငလျင်သည် ငလျင်ကြိုအနေနှင့် မေလ ၁၈ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ရော့စီဖိုရယ်စကေး ပမာဏ ၅ နှင့် ၇ အသီးသီးရှိကြသည့် ငလျင်ကြိုနှစ်ကြိမ် လှုပ်ခတ်ခဲ့သည်။ လှုပ်ခတ်မှုကို မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး ခံစားခဲ့ရသည်။ ထို့အပြင် ယူနန်ပြည်နယ်နှင့် ထိုင်းနိုင်ငံများကပါ ခံစားခဲ့ရသည်။ ဤငလျင် လှုပ်ခတ်မှု ဧရိယာပမာဏသည် ၃၇၅၀၀၀ စတုရန်းမိုင် ရှိသည်။ ဤငလျင်သည် မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံးငလျင်များထဲမှ တစ်ခု ဖြစ်သည်။